ဒီနေ့...
မနက်အိပ်ရာကနိုးတော့..ပါးစပ်ဖျားမှာ တဖွဖွငြီးနေမိတာ..မာမာအေးရဲ့ ကသစ်ပန်းသီချင်း...ဘယ်လိုဆိုမိသွားလဲတော့မသိဘူး...မာမာအေးရဲ့သီချင်းကို ယူကျု ဘ်ကနေဖွင့်ရင်းနားထောင်ရင်း..ဖေဖေ့ကို သတိရတယ်...မြန်မာသံစဉ်စစ်စစ်သီချင်းတွေကိုမြတ်နိုးတတ်အောင်..သီချင်းတွေရဲ့အနှစ်သာရကိုနားလည်အောင် အမြဲတမ်း..သီချင်းနားထောင်ရင်း..ဘာဂျာလေးမှုတ်ရင်းရှင်းပြလေ့ရှိတဲ့ဖေဖေ့ရဲ့ဗီဇသွေးတွေကနောက်ပေါက်သားသမီးတွေမှာ အပြည့်အ၀.ပြတယ်..သီချင်းတွေကို ချစ်ကြတယ်..သီချင်းတွေရဲ့အနှစ်သာရကို သီဆိုသူရဲ့အသံ..သူ့ရဲ့အနောက်က ပံ့ပိုးနေတဲ့တီးလုံးတွေကို တစ်ခုချင်းခွဲခြားနားထောင်တတ်အောင် သင်ပေးတဲ့ အဖေ့ရဲ့အသံတွေကို အခု ထပ်ကြားချင်တာတောင်..ခွင့်မရှိတော့..ဖေဖေက ဒီလောကကြီးကနေ အပြီးတိုင်ထွက်သွားခဲ့တာကြာလှပေါ့..ဖေဖေကံကောင်းပါတယ်..ဖေဖေ.
.ဖေဖေနာဂစ်ကိုမသိဘူး..လူတွေရဲ့ဆိုးရွားလာတဲ့နာကျင်မှုတွေကိုမသိတော့ဘူး..နေပြည်တော်ဆိုတဲ့
တိုင်းအသစ်ထပ်တိုးလာတာမသိဘူး..မကောင်းမှုတွေတိုးတက်ဖြစ်ထွန်းနေတဲ့တိုင်းပြည်ကြီးကို ဖေဖေမျက်လုံးနဲ့မြင်ပြီးသက်ပြင်းအကြီးကြီးတွေချစရာမလိုတော့ဘူး..ဖေဖေ..ဒါပေမယ့်သမီးဖေဖေ့ကိုလွမ်းနေတယ်..
No comments:
Post a Comment